Primary tabs

နွေရာသီ ဆံပင်စတိုင်

    ပူပူအိုက်အိုက် နွေရာသီမှာ ဆံပင်တွေ ကြောင့် စိတ်ရှုပ်ပြီး ပိုပူတဲ့ဒဏ်ကို ခံစားစရာ မလို ပါဘူး။ ပူအိုက်တာ သက်သာစေမယ့်အပြင် စမတ် ကျပြီး ချစ်ဖို့ကောင်းတဲ့ ဆံပင်ချည်နည်းတွေ ရှာဖွေထားပါတယ်။  

မော်ဒယ် - အေးချမ်းမိုး
မိတ်ကပ်၊ ဆံပင် - April
ဓာတ်ပုံ - လမင်းနိုင်

    ဆံပင်အားလုံးကို နဖူးကနေစ အပြောင်သိမ်း ပြီး နောက်မှာချာလီသားရေကွင်းနဲ့ ချည်လိုက်ပါ။ ပြီးလျှင် ဒိုးနတ်ကွင်းလိုမျိုး ပိုက်ကွန်တွေနဲ့ ပြု လုပ်ထားတဲ့ ခေါင်းစီးကွင်းကြီးကြီးတစ်ခုကို ချည်ထားတဲ့ဆံပင်မှာ စွပ်လိုက်ပါ။
    ဒိုးနတ်ကွင်းပေါ်ကနေ ဆံပင်ကိုတဖြည်း ဖြည်း တစ်ပတ်ပြည့်အောင် အရင်ပတ်လိုက်ပါ။ ကော်စပရေးဖြန်းပြီး ဖွာနေတဲ့ဆံပင်တွေကို ကပ် သွားအောင် လုပ်နိုင်သလို ခွကလစ်များနဲ့လည်း ထိန်းလို့ရပါတယ်။
    ဆံပင်ထုံးအကွင်းရပြီဆိုရင် ညှပ်ကလစ်များ နဲ့ အစသိမ်းလိုက်ပါ။
    ရိုးရှင်းပြီး စမတ်ကျတဲ့ ဆံပင်ပုံစံလေးရရှိစေ မှာပါ။

    နှစ်ထပ်စီးဆံပင်နဲ့ စလိုက်ပါ။ အပေါ်ဆံပင်စီးရာမှာ အတည့်မစီးပဲ ဘေးတစောင်းစီးပါ။
    ပိုက်ကွန်များနှင့်ပြုလုပ်ထားတဲ့ ဒိုးနတ်ကွင်း ခေါင်းစီးကို စီးထားတဲ့ဆံပင်မှာ စွပ်လိုက်ပါ။ ခေါင်းစီးပေါ်ကနေ ဆံပင်ကို တဖြည်းဖြည်းပတ်သွားပါ။ ညှပ်ကလစ်များထိုးကာ ဆံပင်အစများကို သိမ်းပါ။
    ပုံမှာပြထားသလိုမျိုး ကျန်ဆံပင်ကို နဖူးထိပ်နားကနေစပြီး ကျစ်ဆံမြှီးကျစ်လိုက်ပါ။
    ကျစ်ပြီးသားဆံပင်ကို ခုနကဘေးတစောင်း ထုံးထားတဲ့ ဆံထုံးမှာပတ်လိုက်ပါ။
    ချစ်စရာကောင်းပြီး နွေရာသီနဲ့လိုက်ဖက်တဲ့ ဆံပင်လေးရပါပြီ။

    ဆံပင်ရဲ့လေးပုံနှစ်ပုံကို အလယ်မှာယူပြီး ချာလီသားရေကွင်းနဲ့ ချည်လိုက်ပါ။ ဘေးတစ်ဖက်တစ် ချက်စီမှာလည်း နည်းနည်းစီချထားပါ။
    ဘေးမှာချထားတဲ့ ဆံပင်နှစ်ဖက်ကိုယူကာ ရိုးရိုးကြိုးချည်သလို လိမ်ပြီးချည်လိုက်ပါ။
    ချည်ပြီးသွားတဲ့အချိန်မှာ ကျန်နေတဲ့ ဆံပင်အစအနနှစ်ဖက်ကို ချာလီသားရေကွင်းနဲ့ ချည်လိုက်ပါ။
    ရိုးရိုးလေးနဲ့ လှမယ့် ဆံပင်ကြိုးချည်လေးတစ်ခုရပြီပေါ့။

    ရှေ့ဆံပင်အနည်းငယ် ယူထားပြီး ကျန်ဆံပင်များကို အနောက်ဘက်မှာ ချာလီသားရေကွင်းနဲ့ ချည်လိုက်ပါ။ ပြီးလျှင် ပိုက်ကွန်နဲ့ပြုလုပ်ထားတဲ့ ခေါင်းစည်းအကြီးကို စီးထားတဲ့ဆံပင်မှာ စွပ်လိုက်ပါ။
    ထိုအပေါ်ကနေ ဆံပင်ကိုနည်းနည်းချင်းစီ ပတ်လိုက်ပါ။ ကေယ်စပရေးအသုံးပြုပါ။ ညှပ်ကလစ်များသုံးပါ။
    အနည်းငယ်ယူထားတဲ့ ရှေ့ဆံပင်ကို နဖူးထိပ်ကနေစပြီး ကျစ်ဆံမြှီးရိုးရိုးတစ်ခု ကျစ်လိုက်ပါ။
    ကျစ်ပြီးသွားတဲ့အခါမှာ ထိုကျစ်ဆံမြှီးကို အနောက်က ဆံထုံးအပေါ်ကနေ ပတ်လိုက်ပါ။
    လွယ်လည်းလွယ်တယ်၊ လှလည်းလှတဲ့ ကျစ်ဆံမြှီးဆံထုံးလေးရပါပြီ။