Primary tabs

ချစ်စရာအသွင်လေးများနဲ့ ချစ်သူဆီသို့

K2O

Hair & Makeup- Kyaw Kyaw Latt

(December Hnin)

Model – Tracy

ချစ်စရာကောင်းတဲ့ ဖေဖော်ဝါရီလလေးမှာ Hair Style လေးတွေကိုလည်း ချစ်စရာကောင်းအောင် ပြင်ဆင်ပုံဖော်ရင်း ချစ်သူဆီ သွားမယ့် ချစ်စရာကောင်မလေးတစ်ယောက်ရဲ့ ပြင်ဆင်မှု လေးတွေနဲ့ ချစ်သူဆီအရောက်သွားဖို့ ပြင်ဆင် ကြည့်ရအောင်...-

အရှေ့ဘက်ခြမ်းဆံပင်ကို လှိုင်းတွန့်ပုံစံ၊ အမောက်ကလေးတွေနဲ့ ပုံသွင်းပြီး ကျန်ဆံပင် လေးတွေကို အကောက်ပုံစံ ပုံသွင်းကာ ဘေးတစ်ဖက်ကို စုစည်းချထားတဲ့ပုံစံလေး ဖြစ်ပါတယ်။ ပြီးရင်တော့ ဖဲပြားလေးနဲ့ အလှဆင်စည်းလိုက်တဲ့အခါ ချစ်စရာမိန်းမပျိုလေး တစ်ယောက်ရဲ့ အသွင်သဏ္ဍာန်နဲ့ ချစ်သူဆီအရောက် သွားနိုင်ပြီပေါ့။

အရှေ့ဘက်ဆံပင်လေးကို နဖူးပေါ်လှန်ပြီး အမောက်ပုံစံ ဖောင်းဖောင်းလေး ပုံသွင်းလိုက်ပါတယ်။ နောက်နှစ်ဖက်ကို အလယ် ကခွဲပြီး ကောက်ညှင်းထုပ်ပုံစံ သားရေကွင်းလေးတွေနဲ့ စည်းလိုက် တဲ့အခါ ရိုးရိုးလေးနဲ့ ချစ်စရာ အသွင်ဆောင်တဲ့ ပုံစံလေးကို ရရှိနိုင်ပါ တယ်။

ဆယ်ကျော်သက် မိန်းကလေးတွေကြားထဲမှာ ခေတ်စားနေတဲ့ ဆံပင်ပုံစံလေးဖြစ်ပါတယ်။ ဆံပင်အကောက်လေးတွေကို နှစ်ဖက်ခွဲပြီး စည်းထားကာ ခေါင်းပေါ်မှာတော့ ဖဲပြားပုံဘီးကုတ်လေးနဲ့ အလှဆင်ထားပါတယ်။

ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ နုနယ်ပျိုမျစ်တဲ့ အသွင်သဏ္ဍာန်ဆောင်တဲ့ ဆံပင်ပုံစံလေးပဲ ဖြစ်ပါတယ်။ ဆံပင် အကုပ်အဖောင်းလေးကိုပဲ ခေါင်းပေါ်မှာ ဦးထုပ်လှလှလေး တစ်လုံးဆောင်းလိုက်တာနဲ့ ငယ်နုလှပတဲ့ပုံစံလေးကို ရရှိမှာဖြစ်ပါတယ်။