Primary tabs

ချစ်စရာဖဲပြားပုံ ဆံပင်ဆန်းလေးများ

Photo - LMN

Model- Bo

Hair& Makeup- Htet (Pop Soul)

မိန်းကလေးတွေကြားခေတ်စားပြီး ထုံးဖွဲ့ဆင်ယင်လာတဲ့ ချစ်စရာဖဲပြားပုံ ဆံထုံးဆန်းလေးများ၊ ချစ်စရာဆံပင်ပုံစံဆန်းလေး များကို ဒီတစ်လအတွက် Hair Style ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။

ဖဲပြားလေး (၂)ခု ခေါင်းပေါ်တင်ထားသယောင်ပုံစံ ချစ်စရာအသွင်သဏ္ဍန်လေး  ဖြစ်ပါတယ်။

 

ဆံပင်အခွေလေးတွေလိပ်ပြီး ထိပ်မှာတော့ ပန်းပွင့်ပုံခပ်ဆင်ဆင်လေးခွေပြီး ပုံဖော်ထားတဲ့ ဆံပင်ပုံစံလေးဖြစ်ပါတယ်။

 ခေတ်စားနေတဲ့ ဖဲပြားပုံဆံထုံးပုံစံလေးပဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာအလှကိုလည်း ပေါ်လွင် စေတဲ့ ဆံထုံးပုံစံလေး ဖြစ်ပါတယ်။

ဘေးနှစ်ဖက်ကို ပုံပါအတိုင်းခွဲကာ ခေါင်းစည်းကြိုးလေးနဲ့ ပြန်စည်းပြီး ထိပ်ဘက်မှာတော့ ခပ်ဖောင်းဖောင်းလေး ပုံဖော်ထားတဲ့ ချစ်စရာဆံပင်ပုံစံလေး ဖြစ်ပါတယ်။