Primary tabs

တစ်နေ့ တစ်မျိုး

Do it yourself... Hair ကဏ္ဍလေး တစ်ဖန်ပြန်ရောက်ရှိလို့လာပါပြီ။ ဒီတစ်ခေါက် ပုံဖော်ပေးထားတဲ့ ဆံပင်ပုံစံလေးတွေကိုလည်း လိုက်လုပ်ကြည့်ဖို့ မမေ့နဲ့နော်...

Model - Sweety Ko 
Makeup & Hair - Gucci Aung  
Photo - La Min Naing 

1.    မိမိဆံပင်ကို အပေါ်တစ်ထပ်အရင်ယူပြီး ကလစ်နဲ့ ညှပ်ထားပါ။ ပုံမှပြထားတဲ့အတိုင်း ဆံပင်တုဆက်ပါ။ ဆက်ထားတဲ့နေရာကနေ မူလဆံပင်နဲ့ ဆံပင်တုကိုရောပြီး ကျစ်ဆံမြီးကျစ်ပါ။ ဘယ်ဘက်မှာ ကျစ်ထားတဲ့ဆံပင်ကို အပေါ်ကနေပတ်ပြီး ညာဘက်မှာ ကလစ်အမဲနဲ့ ထိန်းလိုက်ပါ။ ထိုနည်းအတိုင်း ညာဘက်ကိုလဲ ကျစ်ဆံမြီးကျစ်အပေါ်ကနေပတ် ဘယ်ဘက်မှာ ကလစ်အမည်း ထိုးပါ။ ချစ်ဖို့ ကောင်းတဲ့ဆံပင်စတိုင်လ်လေး ရပါပြီ။

 

2.    ပိုနီတေးပုံစံအတိုင်း ချာလီသားရေကွင်းနဲ့ ဆံပင်ခပ်မြင့်မြင့်လေးစီးလိုက်ပါ။ ဆံပင်ကို မုန့်ကြိုးလိမ်သကဲ့သို့ လိမ်လိုက်ပါ။ ပြီးရင် ဒိုးနပ်ပုံစံ ခွေရစ်လိုက်ပါ။ အဖျားကို ကလစ်အမည်းများနဲ့ ထိန်းပါ။ ဆံပင်ဖွာဖွာနဲ့ လွယ်လွယ်မပြယ်သွား အောင် ကော်စပရေးဖြန်းပါ။ ပေါ့ပေါ့ပါးပါး စတိုင်လ်ပေါ့နော်။ 

3.    ရှေ့ဆံပင် များများလေးယူပြီး အပေါ်သို့ ခဏလှန်တင်ထားပါ။ ကျန်ဆံပင်ကို ချာလီသားရေကွင်းနဲ့ သပ်သပ်ရပ်ရပ်လေး စီးလိုက်ပါ။ စီးပြီးရင် ရှေ့ဆံပင်ကို ကျစ်ဆံမြီးကျစ်ပါ။ ကျစ်ပြီးသား ကျစ်ဆံမြီးကို စီးထားတဲ့ ဆံပင်အပေါ်ကနေ ရစ် ပတ်လိုက်ပါ။ လူငယ်ဆန်ဆန်စတိုင်လ်လေးပါ။


 
4.    အလယ်ခွဲလိုက်ပါ။ ရှေ့ဆံပင်ကို ခပ်ပါးပါးယူပြီး နောက်ဘက် ဆံပင်အောက်တွင် ချာလီကွင်းနဲ့စီးလိုက်ပါ။ အပေါ်ဆံပင်များကို အောက်သို့ ပြန်ချပါ။ ဆံပင်ဖွာဖွာလေးဖြစ်နေအောင် ဘီးချွန်နဲ့ ဆံသားများကို ညင်ညင်သာသာလေး ခြစ်ပေးပါ နော်။ သပ်သပ်ရပ်ရပ်နဲ့ လှနေမယ့် စတိုင်လ်ပါ။