Primary tabs

Lady & Advices

    အမြဲတမ်းကခုန်ပြီး ပျော်ရွှင်ရင်ခုန်နေတဲ့ Dancer တစ်ဦးနဲ့ ဒီလကိုဖန်တီးထားပါတယ်။ သူမဘယ်လိုနုပျိုနေတာလဲ၊ နေထိုင်မှု စားသောက်တဲ့ပုံစံနဲ့ ခန္ဓာကိုယ်အနေအထား ဒါတွေကို မေးဖြစ်ခဲ့ပါတယ်။ အသက် ၃၀ကျော်လာတဲ့ အမျိုးသမီးများအတွက် ရည်ရွယ်ပြီး ဒီစာမျက်နှာများကို တင်ဆက်ထားခြင်းလည်း ဖြစ်ပါတယ်။

Model - Kay Mi Ko
Hair & Makeup -   Nyi Nyi Mg
(Sanchaung)
Photo - LMN

‘‘အသားအရေထိန်းသိမ်းမယ်’’
    ‘‘ ညဆိုရင် (၉) နာရီ(၁၀)နာရီလောက်မှာ မျက်နှာသန့်ရှင်းရေးကို ပြီးစီးအောင် သေချာလုပ်တယ်၊သစ်ပြီးသွားရင် Night Cream ကောင်းကောင်းတစ်ခုလိမ်းတယ်၊ ညဘက်ကို စောနိုင်သလောက်စောအိပ်တယ်။ ခေမီကိုတို့က ပွဲကရတာ ရှိတော့မိုးချုပ်တတ်တယ်၊ ပွဲတွေဆက်လာရင် အသားရေကလည်း  အိပ်ရေးပျက်တော့ မလန်းဆန်းတော့ဘူး ၊ကိုယ့်ကိုယ်ကိုလည်း အသားရေတွေခမ်းခြောက်လာပြီဆိုသိတယ်။ အဲ့လိုဆိုရင် ၁ ပတ်ကို ၂ ရက် ၃ရက်ပေါင်းတင်ပေးတယ်၊ သူများထက်ပိုလုပ်ဖြစ် တယ်။ ငယ်ငယ်တုန်းကဆို skincare ကို လုံးဝမသိဘူး။ နို့ရည် ၁ မျိုးထဲနဲ့ပွဲသိမ်းပဲ၊ တိုနာဆိုတာလည်း ဘာမှန်းကိုသေချာမသိ။ ကျောင်းတက်တုန်းကလည်း သနပ်ခါးပဲလူးတာ များတယ်။ အကစလုပ်တဲ့အခါ ဘာမှမလုပ်ဖြစ်ပြန်တော့ မျက်နှာမှာ မှဲ့ခြောက်တွေထွက်လာတယ်၊ အသက်အရွယ်ကြောင့် ထွက်လာတာမဟုတ်ပဲ နေပူထဲမှာဘာမှမလိမ်းပဲသွားတဲ့အခါတွေ များလာတော့ ထွက်လာတာ။ ကိုယ့်သူငယ်ချင်းတွေနဲ့ ဘေးပတ်ဝန်းကျင်က ဘာလို့ထွက်လာတာလဲ ပြောလာတော့မှ ကိုယ့်ကိုယ်ကိုသိတာ၊ အသက်က (၁၆) နှစ်ပဲရှိသေးတယ်။ ဟိုမုန်းဓာတ်ပြောင်းလာတဲ့ အချိန်လည်းဖြစ်တော့ ၀က်ခြံတွေထပေါက်လာတော့မှ လူတွေက ဘေးပတ်ဝန်းကျင်ကနေ ပြောလာတော့မှ သိ
တာ။ ပိုဆိုးတာက ခေမီကိုကအရမ်းကို sensitive ဖြစ်တယ်၊ လေနဲ့တောင်မတည့်ဘူး နေရာဒေသပြောင်းသွားလို့ရှိရင် တိုက်တဲ့လေမတူရင်တောင် မျက်နှာက အသားရေကယားလာတယ်။ ကိုယ်ကလည်း ဘာသေချာသုံးရမှန်းမသိသေးပဲ နို့ရည်တွေသုံးမိတယ်၊ အဲ့ဒီမှာ ၀က်ခြံကို နို့ရည်လူးတာကအားပေးတော့ ထပ်ထပ်ပြီးပေါက်လာတာ။ အဲ့လိုဖြစ်လာလေ ဟိုဟာထပ်သုံး ဒီဟာထပ်သုံး စမ်းတ၀ါးဝါးပေါ့နော်။ အသက် ၂၀ ကျော်လောက်မှ skincare ကိုသုံးဖို့သိလာတာ။ အခု လက်ရှိလိမ်းနေတာက Dr.Secrets ပေါ့နော်၊ ခေမီ့ကိုအသားရေကို အကျိုးရှိတယ်’’


    ‘‘ ကိုယ့်အသားရေ sensitive မှန်းဘယ်လိုသိလာတာလဲဆိုတော့ ရေမြေခြားလိုက်တာနဲ့ ချက်ချင်းကိုသိသာတာ။ အဆုပ်လိုက် အနီကွက်လေး တွေထလာတယ်၊ ကိုယ်ကလည်းမသိတော့ ဘာမီ တွန်တွေ သောက်တာပေါ့။ ယားတယ်လေ အဲ့ဒါနဲ့ဘာမီတွန်ကိုတောင် ပွတ်လိမ်းရတာရှိတယ်။ အသားရေက တော်တော့်ကိုအဆိုးဆုံး ဖြစ်တယ်။ ဆေးသောက်လည်း ယောင်ကိုင်းတာတွေ ဖြစ်သေးတယ်။ အသားငါးလည်း ကြည့်စားရသေးတယ် ပင်လယ်စာဆိုရင်တောင် စားပြီးဆေးသောက်နဲ့ ရှေ့ဆက်သွားနေရတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဂရုစိုက်နေရတာ်’’
    ‘‘ အိမ်မှာအားနေတယ် အချိန်ရှိနေတယ်ဆိုကိုယ့်ဘာသာကိုယ် Spa လုပ်တယ်၊ မအားဘူးဆိုမှ ဆိုင်ကိုသွားဖြစ်တယ်။ တနေ့လုံး ၂၄ နာရီလုံးနီးပါးချွေးထွက်တဲ့နေ့တွေလည်းရှိတော့ ချွေးပေါက်တွေကသူများထက်ပိုကျယ်တယ်လေ။ မျက်နှာအသားရေကလည်းကျယ်တယ်၊ အညစ်အကြေးတွေကချွေးပေါက်တွေထဲကို ၀င်နေတော့ မမြင်ရတဲ့အပိုင်း တွေဖြစ်တော့ ချေးချွတ်သန့်စင်တာအရင်လုပ်၊ ပြီးမှသံလွင်ဆီလေး အရင်ခံရတယ် (ခေမီကိုအသားက ယားတယ်   တော့လေ)၊ ပေါင်းဆေးလူးတယ်။ တိုက်ရိုက်တန်းပေါင်းတာမျိုးကျတော့ အတွင်းမှာသန့်စင်မှုရှိမရှိ မသိရဘူးလေ ချေးပိုထူသွားမှာပေါ့၊ အခုလိုချေးချွတ်ပြီးမှ ပေါင်းတင်တော့ ပိုပြီးထိရောက်တယ်။ သာမာန်လူအတွက် ဒီလိုမလုပ်
လည်း ဘာကိစ္စမှမရှိပေမယ့် ခေမီကိုကျတော့ လုပ်မှပုံမှန်အသားရေ၊ ချွေးပေါက်ကျဉ်းမှာဆိုတော့လေ။ ခေမီကိုကျတော့  အလက်ဂျစ်တွေ  ခဏခဏထလာတော့ ဂရုစိုက်ရမှန်း သိလာတယ်၊ အရေပြားဆရာဝန်နဲ့တွေ့တော့ သူတို့ပြောပြမှ အသေးစိတ်သိလာတာ။ အရင်တုန်းကဆို ဒါကအလှအပသက်သက်လို့ပဲ ထင်နေတာ၊ အမှန်တော့မဟုတ်ဘူး မိန်းကလေးတွေအတွက် လိုအပ်ပါတယ်’’

‘‘နေထိုင်စားသောက်မှုပုံစံ’’
    ‘‘မနက်စာကို (၉)နာရီမကျော်အောင် စားတယ်၊ အသားရေအတွက်ရော ခန္ဓာကိုယ်အတွက်ရော မနက်ဆို လေ့ကျင့်ခန်းစလုပ်တယ်၊ လုပ်ပြီးမနက်စာစား၊ ခဏနားပြီးရေချိုး၊ ပြီးရင်တော့ အကသင်တန်းကိုသွားပြီ။ ဒါကတော့ တစ်နေ့တာ အချိန်ဇယားပေါ့နော်။
    ညနေစာဆို သိပ်မစားတော့ဘူး။ အပြုတ်တွေ အရွက်တွေပဲ စားတယ်၊ နေ့လည်စာကိုပဲ အ၀စားတယ်။ ပြီးရင် အားဆေးသောက်တယ်၊ ငယ်ငယ်လေးကတည်းက ၀က်သား၊ အမဲသားလုံးဝမစားဘူး၊ အသားနဲ့ပတ်သတ်တာဆို သိပ်မစားဖြစ် ဘူး ။ ငါး လောက်ပဲစားတယ်။ ကျန်တာအသီးအရွက်စားတယ်။ ဆီပြန်ချက်တဲ့ ဟင်းတွေဆို သိပ်မစားဖြစ်ဘူး။ တစ်ခါတလေစားချင်တဲ့ စိတ်ပေါက်လာမှသာ ဆိတ်သားတို့ ဘာတို့စားလိုက်တယ်။
    အခြားသူတွေအတွက် ပြောရမယ်ဆိုရင်အဆီမပါတဲ့ ဟင်းတွေစားပါ၊ ပါခဲ့ရင်တော့ဆီစစ်ပြီးတော့စားပါလို့။ အဓိကကတော့ အသီးအရွက်များများစားဖြစ်တယ်။ ခေမီကိုကတော့ အရမ်းအားနည်းလာပြီလို့ ထင်ရင်တော့ Brand ကြက်ပေါင်း
ရည်ကို သောက်ဖြစ်တယ်၊ နေ့တိုင်း အင်နာဗွန်စီသုံးစွဲတယ်၊ ခေမီကိုတို့က ကရတာဖြစ်တော့ နေ့တိုင်း energy သုံးစွဲတာများတယ်။ လွန်ကဲတော့ ပိုပြီးဂရုစိုက်ရတယ်။ ရေဆူဆေးပြားတို့လည်း သောက်ရတယ်။ တစ်ချိန်လုံး   ချွေးရွဲနေတာ့ ပေါင်းပြန်တင်၊ scrub လုပ်၊ အားဆေးသောက် အဲ့ဒီလိုပြန်လုပ်ဖြစ်တယ်။ ညနေ (၆)နာရီမှာ ဘာလို့မစားရလဲဆိုတော့ တနေကုန်လှုပ်ရှားမှုက ပြီးသွားပြီလေ၊ မနက်နဲ့နေ့လည်စာက တစ်နေ့တာသွားလာလှုပ်ရှားတာကို အကျိုးပြုလိုက်တာလေ။ ညနေကျတော့ အိပ်ချိန်နီးသွားပြီဖြစ်လို့ လူတစ်ယောက်အတွက် အဆီပိုပြီးတက်ဖို့ ဆုံဆည်းမှုဖြစ်တယ်။လူအတော်များများကတော့ ယောက်ျားမိန်းမ မရွေးညနေ ၆ နာရီကျော်ကနေ ၁၀ နာရီအထိစားနေတဲ့
သူတွေရှိတယ်။ အဲ့ဒါတွေကြောင့်လည်း အဆီတက်ပြီး ၀တုတ်လာတာပေါ့။ ဖြစ်နိုင်ရင်တော့ ညနေဘက်ကို အရွက်ပြုတ်တွေ အရည်တွေသောက်တာအကျိုးရှိပါတယ်လို့။
    သူများနိုင်ငံတွေသွားတော့ camp သွင်းတာကနေစပြီး ခေမီကိုလည်း စားဖြစ်သွားတာ။ မနက် (၉)နာရီဆိုမနက်စာစား၊ နေ့လည် (၁၁) ၊ (၁၂)နာရီမှာ နေ့လည်စာကို ပြီးအောင်စားဖြစ်အောင် စားတယ် ကြာတော့အကျင့်ဖြစ်သွားရော။ ညနေ
(၆)နာရီလောက်ဆို ထမင်းမစားတော့ပဲ အဆီမတက်စေမယ့်ဟာပဲ စားတယ်။ ခေမီကိုက ချိစ်ကို အရမ်းကြိုက်တော့ အတော်ရှောင်ရတယ်၊ အဆိမ့် ကိုအရမ်းကြိုက်တော့ အဆီထွက်လာရော။ အခုတော့ ဆင်ခြင်ရတာပေါ့နော်၊ ရင်ကျပ်တာတွေ ဖြစ်လာတော့ ငါဘာတွေစားလို့ ဖြစ်တာလဲဆိုပြီး ရှောင်လိုက်ရတာပေါ့ ’’

‘‘ခန္ဒာကိုယ်အနေအထားလှပဖို့’’
    ‘‘ဆေးခန်းတွေမှာ အဆီလျှော့တာတွေနဲ့ ပတ်သတ်ပြီး အပွင့်လင်းဆုံးပြောပါမယ်နော်။ ဆေးထိုးပြီးဝိတ်လျှော့တဲ့ အကြောင်းပေါ့။  ဒါကလည်း သူများက ကိုယ့်ကိုပြန် share ထားတာပါ။ ဆေးထိုးတာက ကောင်းတာရှိသလို  မကောင်းတာ လည်းရှိ တယ်၊
ဘယ်အရာမဆို လွန်ကဲရင်တော့ မကောင်းဘူးပေါ့။ဆေးထိုးလိုက်ရင် အရိုးပျော့ရောဂါဖြစ်တယ်၊ ဒါကြောင့် အားမပေးပါဘူး ။ လှုပ်ရှားပြီး ၀ိတ်လျှော့တာကို ပင်ပင်ပန်းပန်း မလုပ်ချင်ကျတော့ ဆေးသောက်ကျတယ်၊ ဆေးသောက်တော့ အူလမ်း
ကြောင်းကင်ဆာကို၊ အစာအိမ်ကင်ဆာတို့ ဖြစ်ကြတယ်။ သူငယ်ချင်း (၁)ယောက်ဆုံးသွားတာလည်း အဲ့ဒီလိုပေါ့၊ သူကျတော့ အစားလည်းလျှော့တယ် ဆေးလည်းသောက်တယ်ဆိုတော့၊ အစာအိမ်မှာ အစာမရှိပဲ ဆေးရောက်တော့ မခံနိုင်ဘူး။ အဲ့ဒီမှာ ဆေးကအခြားနေရာမထိပဲ အမျိုးသမီးတွေရဲ့ ရင်သားပိုင်းကိုထိတော့ ကင်ဆာဖြစ်ရော။ ဆေးအာနိသင်က အဲ့ဒီဘက်ကိုရောက်သွားပြီး ဖြစ်တာ။  ဆရာဝန်ကနောက်ဆုံး စစ်ဆေးကြည့်တော့ ပိန်ဆေးကြောင့်ဆိုတာကို သိရတာ။ ဖြစ်နိုင် မယ်ဆိုရင်တော့ ပိန်ဆေးသောက်တာကိုလည်း မလုပ်သင့်ပါဘူးလို့၊ ခေမီကိုကတော့  လူတစ်ယောက်ရဲ့အသက်ကအရေးကြီးဆုံးလို့ထင်လို့ ကိုယ်လက်လှုပ်ရှားမှုနဲ့ပဲ လုပ်မယ်၊ အချိန်နဲ့ မနက်နေ့လည်စားပြီး ညစာလေးကို လျှော့မယ်ဆိုရင် အကုန်လုံးအဆင်ပြေပါတယ်လို့ ပြောချင်တယ်။
    အိမ်တွေမှာ ထရိန်နင်တွေသွားပြတော့ မြင်ရတာရှိတယ်။ အစ်မတွေ အန်တီကြီးတွေက တကယ့်ကိုလည်း မအားဘူး၊ အိမ်ထောင်ကျပြီးနောက်မှာ အလုပ်တွေများလာပေမယ့် လှလှပပ နေနိုင်တာကို တစ်ချို့ရှိတယ်။ ဥပမာပြောရမယ်ဆို မအူဝဲ ပေါ့နော်။ တကယ်ကိုထိန်းထားနိုင်တယ်၊ တကယ်လည်းတော်ပါတယ်။ ဒါကြောင့် အပြင်လောကမှာရှိတဲ့ အန်တီတွေ၊ မမတွေကို ဘယ်လောက်ပဲအလုပ်တွေများများ စမတ်ကျကျ နေပါလို့၊ ဒါမှ  ပေါ့ပေါ့ပါးပါးရှိပြီး အိမ်ထောင်အတွက် အဆင်ပြေမယ်လို့ ခေမီကိုယုံကြည်ပါတယ်။ အရမ်းကြီး စိတ်ဓာတ်ကျတာမျိုး မနေပါနဲ့လို့။ ရှိတဲ့အရာလေးနဲ့ပဲ သန့်သန့်ရှင်းရှင်း၊ အနောက်တိုင်းဆန် ဆန်လေး နေနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်’’