Primary tabs

မင်္ဂလာပွဲမှာ အလှဆုံးဖြစ်ဖို့ Care လိုက်စို့!

ဝါတွင်းကာလကျွတ်ဖို့ တစ်လသာလိုပါတော့တယ်နော်...။ အခု စက်တင်ဘာလကုန်လို့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာရောက်ရင်ဖြင့်  မင်္ဂလာပွဲဧည့်ခံပွဲတွေ ဆင်နွှဲကြတော့မယ့် သတို့သား၊ သတို့သမီးလောင်းလေးများအတွက် ကိုယ့်ရဲ့
မင်္ဂလာအခမ်းအနားမှာ အလှဆုံးဖြစ်နေစေဖို့ ကူညီပေးနိုင်မယ့် အလှအပပြုပြင်ရေးနည်းလမ်း လေးတွေကို ဖော်ပြပေးချင်ပါတယ်။ 

မင်္ဂလာမောင်နှံလောင်းလေးတွေဟာ ကိုယ့်ဘဝရဲ့အရေးအကြီးဆုံး အမှတ်တရဖြစ်တဲ့ မင်္ဂလာပွဲအတွက် ပြင်ရ ဆင်ရ စီစဉ်ရတာတွေ များပြားလှတာမို့ အနည်းနဲ့ အများဆိုသလို စိတ်ဖိစီး မှုတွေကို ခံစားကြရပါတယ်။ ဒီ့ရဲ့ နောက်ဆက်တွဲကတော့ ဝက်ခြံတွေထွက်၊ အသားအရေတွေ မညီညာ၊ ညှိုးနွမ်း၊ ပင်ပန်း၊ မလန်းမဆန်းတွေ ဖြစ်ရတော့တာပါပဲ။ ခုချိန်မှာတော့ ဒီပြဿနာတွေကို စိုးရိမ်နေစရာမလိုဘဲ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေရှိနေပါပြီ။

အောက်တိုဘာမှာ မင်္ဂလာဆောင်တော့မယ့် စုံတွဲလေးတွေလည်း ခုလို စက်တင်ဘာလမှ သိရတဲ့အတွက် အချိန်တစ်လပဲ ရှိတော့တယ်ဆိုပြီး စိတ်ပူစရာမလိုပါဘူးနော်...။ ဒီနေရာလေးမှာ အနည်းဆုံးတစ်ပတ်၊ တစ်လကနေ နှစ်လ၊ သုံးလ
အတွင်းမှာ အလှဆုံးဖြစ်အောင် ဖန်တီးလို့ရမယ့်နည်းလမ်းလေးတွေကို အကြံပြုတင်ဆက်သွားမှာပါ။ ဒီနည်းလမ်းလေးတွေကို သိရှိနိုင်ဖို့အတွက် The Clinic De Novo မှာ ခုလိုသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုပြီး အချိန်ရသေးတဲ့ မင်္ဂလာမောင်နှံစုံတွဲလေးတွေကိုတော့ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါ အေးအေးဆေးဆေးအချိန် လေးပေးကုသနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

မင်္ဂလာပွဲမတိုင်မီ တစ်လအလိုဆို ဘာတွေပြုပြင်နိုင်မလဲ
အလှပြုပြင်ရေး နည်းလမ်းတွေ များစွာရှိတဲ့အနက် မင်္ဂလာဆောင်ဖို့ တစ်လပဲလိုတော့တယ်ဆိုတဲ့အချိန်မှာ ရွေးချယ်သင့်တဲ့၊ ရွေးချယ်နိုင်မယ့် နည်းလမ်းတချို့ကတော့ - 
"မျက်နှာလေးလှပဖို့ ပြုပြင်မယ်ဆိုရင်"
* မေးရိုးသွယ်စေဖို့ (V-Shape) အတွက် Botox 
* နှာတံဖော်မယ်၊ မေးစေ့ချွန်မယ်၊ နှုတ်ခမ်းပုံဖော်မယ်ဆိုရင်တော့ Filler (ဆေးဖြည့်ခြင်း) 
* ငယ်ရွယ်နုပျိုစေဖို့ အရေးအကြောင်းတွေ ဖျောက်ချင်တယ်ဆိုရင် Botox 
* မျက်အိတ်ဖျောက်ချင်တယ်၊ Smile Line လေးတွေ ဖျောက်ချင်တယ်ဆိုရင် Filler 
* အရေပြားပင့်တင်ဖို့အတွက်  Thread Lift (ကြိုးထိုးခြင်း) 
* အရေပြားတင်းရင်းစေဖို့ပြုလုပ်မယ်ဆို ST Skin Tightening (၄ ကြိမ်)
* မျက်နှာအသားအရေလေး ကြည်လင်ဝင်းပစေဖို့ IPL (Intense Plused Light Treatment) ကုထုံး (၄ ကြိမ်)
* ဝက်ခြံတွေပျောက်ဖို့ IPL (၃ကြိမ်)
* အသားအရေနီမြန်းခြင်းကို လျော့ကျစေဖို့ သွေးကြောကုလေဆာ (Gold Toning) (၃ ကြိမ်)
* မှဲ့ခြောက်၊ အမဲစက်ဖျောက်နိုင်ဖို့ Ruby Laser (၁ ကြိမ်)
* တင်းတိတ်တွေ ပျောက်ဖို့အတွက် Laser Toning (၃ ကြိမ်)
* ချွေးပေါက်ကျယ်တွေ ကျဉ်းစေဖို့ Laser Peel (၂ကြိမ်)

"တကိုယ်လုံးအသားအရေဖြူဝင်းစေဖို့"
* Whitening Inject (၇ ကြိမ်)
* Peeling (Face/Body) (၂ ကြိမ်)
* အရေပြားထိန်းသိမ်းခြင်းအတွက် Infusion (၄ ကြိမ်)နဲ့ အဆီချဖို့အတွက် Mesofat/RF (၄ကြိမ်) ကုထုံးတွေကို ရွေးချယ်ဆောင်ရွက်နိုင်ပါတယ်။

"အလှအပဆိုင်ရာ အရေပြားပြဿနာကုထုံးများ"

အလှအပဆိုင်ရာ အရေပြား ပြဿနာအမျိုးမျိုးကို မင်္ဂလာပွဲအမီ အလှဆုံးဖြစ်စေဖို့ အထိရောက်ဆုံးဖြေရှင်းပေးနိုင်မယ့် ကုထုံးများကတော့ -
ဝက်ခြံ - စွမ်းအင်မြင့် အလင်း(IPL)ဖြင့် ဝက်ခြံပိုးသတ်ပေးပြီး ရောင်ရမ်းမှုများကို လျှော့ချပေးပါတယ်။
မှဲ့ခြောက်၊ အမဲစက် - အမဲစက်များနဲ့  မှဲ့ခြောက်များကို ဖြစ်စေတဲ့ လွန်ကဲနေသော Melanin များကို Ruby Laser နဲ့ ဖယ်ရှားပေးတာဖြစ်ပါတယ်။ 
တင်းတိတ် - Laser Toning နဲ့ တင်းတိတ် ဖြစ်စေတဲ့ လွန်ကဲနေသော Melanin များကို ဖယ်ရှားပေးတာဖြစ်ပါတယ်။ 
သွေးကြောပေါ်ခြင်း၊ နီမြန်းခြင်း - Gold Toning လို့ခေါ်တဲ့ သွေးကြောကုလေဆာနဲ့ သွေးကြောမျှင်များကို ကုသပေးပြီး ရောင်ရမ်းမှုများကို ဖယ်ရှားပေးပါတယ်။
အမာရွတ် - Fractional Laser နဲ့ အမာရွတ်ချိုင့်ခွက်များကို ပြန်လည်ပြည့်တင်းလာစေပြီး အသားအရေကို ချောမွတ်စေပါတယ်။
ဆောင်ရန်၊ ရှောင်ရန် - ကုသပြီးချိန်မှာ ပူပြင်းတဲ့နေရောင်နဲ့ ထိတွေ့ခြင်းကို ရှောင်ရပါမယ်။ SPF 30 နဲ့အထက် Sunscreen ကို အပြင်ထွက်တိုင်း အမြဲလိမ်းပါ။ ရေပူနဲ့ရေချိုးခြင်း၊ Sauna ထိုင်ခြင်း ရှောင်ပါ။ ချေးချွတ်ခြင်းနဲ့ Scrub ပါတဲ့ မျက်နှာသစ်ဆေးသုံးခြင်းကို ရှောင်ကြဉ်ပါ။

"အဆီချကုထုံး"

မင်္ဂလာပွဲမှာ သွယ်လျလှပနေစေဖို့အတွက် မျက်နှာနဲ့ခန္ဓာကိုယ်က အဆီပိုများကို ထိရောက်စွာ ဖယ်ရှားနိုင်မယ့် ကုထုံးနှစ်မျိုးကတော့-
(၁) Lipo Dissolve Injection - ဆေးထိုး၍ အဆီများကို ချေဖျက်ပေးတာ ဖြစ်ပါတယ်။ Lipase များကို ထုတ်ပေးခြင်းဖြင့် အဆီပိုများကို လျှော့ချပေးပါတယ်။
(၂) Radio Frequency - စက်ကိုသုံးပြီး အသံလှိုင်းစွမ်းအင်ကို အပူစွမ်းအင်အဖြစ်ပြောင်းလဲကာ အဆီပိုများကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။ 
မျက်နှာမှာ မေးနှစ်ထပ်ဖြစ်နေခြင်းဟာ ဖုံးဖိလို့မရတဲ့ ပြဿနာဖြစ်တဲ့အတွက် ကုသမှုပြုလုပ်သင့်ပါတယ်။ နောက်ထပ် ပြုပြင်နိုင်မယ့် နေရာတွေကတော့ ဗိုက်နဲ့ခါးအဆီ၊ ကျောအဆီ၊ လက်မောင်း၊ ပေါင်၊တင်ပါးစတဲ့ အဆီများနေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
ဆောင်ရန်၊ ရှောင်ရန်- ကုသပြီးချိန်မှာ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းကို နှစ်ရက်ခန့်ရှောင်ရပါမယ်။ ရေပူနဲ့ရေချိုးခြင်း၊ Sauna ထိုင်ခြင်း ရှောင်ပါ။ ရေများများသောက်ပေးပါ။ (တစ်နေ့လျှင် အနည်းဆုံးတစ်လီတာခန့်)

"အသားအရေ ဖြူဝင်းစေမည့် ကုထုံး"

ဖြူစင်ဝင်းပနေတဲ့ အသားအရေဟာလည်း အလှတစ်ပါးဖြစ်တဲ့အတွက် အစွမ်းထက်ကုထုံးတွေကို လေ့လာကြည့်သင့်ပါတယ်။
(၁) Whitening Infection - ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် အသားအရေကို ဖြူဝင်းစေပါတယ်။ 
(၂) Peeling - အရေပြားရှိ အညစ်အကြေးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားအသစ် မွေးဖွားစေခြင်းဖြင့် အသားအရောင်ကို ကြည်လင် ဝင်းပညီညာစေပါတယ်။ 
(၃) Intense Pulse Light - အရေပြားမှာ Collagen အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းဖြင့် နုပျိုကြည်လင်စေပါတယ်။
ဆောင်ရန်၊ ရှောင်ရန် - ကုသပြီးချိန်မှာ ပူပြင်းတဲ့ နေရောင်နဲ့ ထိတွေ့ခြင်းကို ရှောင်ရပါမယ်။ SPF 30 နဲ့အထက် Sunscreen ကို အပြင်ထွက်တိုင်း အမြဲ လိမ်းပါ။ ရေပူနဲ့ရေချိုးခြင်း၊Sauna ထိုင်ခြင်း ရှောင်ပါ။

"အရေပြားထိန်းသိမ်းခြင်းကုထုံး (Infusion)"

ဆေးထိုးစရာမလိုဘဲ အရေပြားအတွင်းပိုင်း အထိ စိမ့်ဝင်စေတဲ့ အဆင့်မြင့် Mesotherapy နည်းပညာနဲ့ လိုအပ်သလို ကုသမှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
အဆီပြန်ခြင်း၊ အသားခြောက်ခြင်း၊ အရေ ပြားဓာတ်မတည့်ခြင်း၊ မျက်နှာမွဲခြောက်ခြင်း၊ အရေပြားလျော့တွဲခြင်း၊ အရေပြားပင်ပန်းနွမ်းနယ်ခြင်းတို့ကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။
ဆောင်ရန်၊ ရှောင်ရန်- ကုသပြီးချိန်မှာ SPF 30 နဲ့အထက် Sunscreen ကို အပြင်ထွက်တိုင်းအမြဲလိမ်းပါ။ ချေးချွတ်ခြင်းကို တစ်ပတ်ခန့် ရှောင်ကြဉ်ပါ။


"အလှအပနဲ့ ငယ်ရွယ်နုပျိုခြင်းကုထုံးများ"

ကိုယ့်ရဲ့မင်္ဂလာပွဲလေးမှာ အလှဆုံးမျက်နှာ လေးနဲ့ ယုံကြည်မှုပြည့်ဝစွာ ပြုံးပျော်ရွှင်နိုင်ဖို့ အထူးခြားဆုံးကုထုံးလေးတွေအနေနဲ့-
မေးရိုးသွယ်စေခြင်း (V-Shape)၊ နှာတံဖော် ခြင်း၊ မေးစေ့သွယ်ခြင်း၊ ဖူးဖူးရွရွနှုတ်ခမ်းလေးဖြစ်ဖို့ ပုံဖော်ခြင်း၊ အရေးအကြောင်းဖျောက်ခြင်း၊ မျက်အိတ်ဖျောက်ခြင်း၊ Smile Line ဖျောက်ခြင်းနဲ့ အရေပြားပင့်တင်ခြင်း စတာတွေအတွက် Botox (
အရေးအကြောင်းဖျောက်ခြင်း)၊ Filler (အသားဖြည့်ခြင်း)၊ Thread Lift (ကြိုးထိုးခြင်း) စတဲ့ အစွမ်းထက် ကုသမှု (၃)မျိုးနဲ့ နုပျိုလှပခြင်းကို ဖန်တီးနိုင်ပါတယ်။ 
တစ်ကြိမ် သို့ နှစ်ကြိမ်တည်းနဲ့ ကုသနိုင်ပြီး တစ်လ၊ နှစ်လ အလိုမှာ ပြုလုပ်နိုင်ပါတယ်။
ဆောင်ရန်၊ ရှောင်ရန် - ကုသပြီးတဲ့အခါ ပြင်းထန်တဲ့လှုပ်ရှားမှုကို တစ်ပတ်ခန့်ရှောင်ကြဉ်ရပါ မယ်။ ထိုးထားတဲ့နေရာများကို ဖိပွတ်ခြင်း၊ နှိပ်နယ် ခြင်းရှောင်ပါ။  ရေပူနဲ့ရေချိုးခြင်း၊Sauna ထိုင်ခြင်း ရှောင်ပါ။ ချေးချွတ်ခြင်းနဲ့ Scrub ပါတဲ့ မျက်နှာသစ်ဆေးသုံးခြင်းကို ရှောင်ကြဉ်ပါ။

အထက်မှာဖော်ပြခဲ့တဲ့ အလှအပကုထုံး လေးတွေကတော့ အနည်းဆုံး တစ်လ၊ နှစ်လ၊ သုံးလအချိန်ရသူများအတွက်ပါ။

အနည်းဆုံးအနေနဲ့ တစ်ပတ်အလိုမှာ ပြုလုပ်ချင်တယ်ဆိုရင်တော့ မျက်နှာလေးကြည်လင်ဝင်းပစေဖို့ အဆင့်မြင့် ချေးချွတ်ခြင်း(Diamond Peel)+ စွမ်းအားမြင့် အလင်းကုထုံး (IPL) တစ်ကြိမ်နဲ့ ဆေးရည်သွင်းကုထုံး (Infusion) တစ်ကြိမ်ပြုလုပ်နိုင်မှာ ဖြစ်ပါကြောင်း အကြံပြုရေးသားဖော်ပြရင်း မင်္ဂလာမောင်နှံလေးတွေ အားလုံးအလှဆုံးပြုံးနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်ရှင်။

Model - Poe Darli
Photo & Retouch - Thardu Ko Ko
Venue - The Clinic Denovo