Primary tabs

တကိုယ်လုံးလန်းဖို့ Care စို့ !

မိုးရာသီပီပီ မိုးရွာလိုက်... နေပူထိလိုက်... မိုးအုံ့နေပေမဲ့ အိုက်စပ်စပ်ခံစားရလိုက်နဲ့ တလှည့်စီဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ကိုယ့်အသားအရေလေး မညှိုးနွမ်းဘဲ လတ်ဆတ်လန်းဆန်းနေရလေအောင် PEOPLE ရဲ့ Skin Care ကဏ္ဍလေးက ကူညီပေးချင်ပါတယ်။ 

အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေဖို့ သဘာဝသစ်ဥသစ်ဖုတွေကနေ ထုတ်လုပ်ထားတဲ့ Cuccio အမှတ်တံဆိပ် Skin Care ပစ္စည်းတွေဟာ Side Effect ကင်းပြီး အသားအရေတိုင်းနဲ့ တည့်တဲ့အတွက် Spa Flamingo ရဲ့Body Treatment ၀န်ဆောင်မှုများထဲမှာ ပေါ်ပြူလာဖြစ်လှတယ်လို့ သိရှိရပါတယ်။ ဒီ Treatment ဟာ အသားအရေကို ဗီတာမင်နဲ့ ရေဓာတ်ပြည့်ဝစွာ ဖြည့်တင်းပေးနိုင်တဲ့အပြင် ဖြူစင်လင်းလက်တောက်ပမှုကို လျင်မြန်စွာသိသာထင်ရှားစေတဲ့အတွက် လူကြိုက်များလျက်ရှိတာ ဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့်ကို ဆက်လက် လေ့လာကြည့်ကြရအောင်...။

ပထမဆုံးအဆင့်အနေနဲ့ Body Scrub တိုက်ပါတယ်။
Scrub တိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကွက်ပြီး မညီမညာဖြစ်နေတာတွေ၊ နေလောင်တာတွေ၊ ကြာဆူးဖြစ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

Scrub တိုက်ပြီးတဲ့ အခါ Sauna ထိုင်ပါတယ်။ 
Sauna ၀င်ခြင်းကြောင့် ချွေးပုတ်တွေကို ထွက်သွားစေပြီး အသားအရေကို ဖြူဝင်းစေပါတယ်။ မိနစ် ၂၀ ခန့်ထိုင်ပေးရပါမယ်။
Sauna ထိုင်ပြီး ချွေးထုတ်တဲ့အခါ ချွေးထွက်များတဲ့သူတွေ မူမော်ခြင်းမဖြစ်ရလေအောင် သစ်သီးဖျော်ရည် သို့ သီးစုံဓာတ်ဆားရည်ကိုလည်း Spa က ၀န်ဆောင်မှုပေးပါတယ်။

တတိယအဆင့်အနေနဲ့ Body Treatment ပြုလုပ်ပေးပါတယ်။ 
Cuccio Body Treatment ခရင်မ်ကို လည်ပင်းကနေစပြီး တကိုယ်လုံးကို အသားထဲစိမ့်ဝင်အောင်လူးပေးပြီး ပလတ်စတစ်အကြည်လေးပတ်ကာ မိနစ် ၂၀ ခန့် ပေါင်းထားပေးပါတယ်။
မိနစ် ၂၀ ပြည့်တဲ့အခါ အညောင်းအညာပြေစေဖို့အတွက် Cuccio Body Oil လေးနဲ့ တစ်နာရီခန့် နှိပ်ပေးပါတယ်။
အဲဒီလို နှိပ်ပေးခြင်းအားဖြင့် Body Treatment  ခရင်မ်ဟာအသားထဲစိမ့်ဝင်ပြီး အသားအရေအတွက် ပိုမိုထိရောက်ကောင်းမွန်စေတာပဲဖြစ်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ ရေပူ၊ ရေအေးနှစ်သက်ရာအသုံးပြုပြီး ရေချိုးနိုင်ပါပြီ။

ရေချိုးပြီးတဲ့အခါ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး သစ်သီးရနံ့မွှေးမွှေးလေးနဲ့ စိတ်ကို ပိုမိုကြည်လင် လန်းဆန်းသွားစေမယ့် Butter Body Lotion လူးပေးပါတယ်။
Lotion လူးချိန်မှာလည်း ခန္ဓာကိုယ်ကို နှိပ်နယ်ပြီး သေချာစွာစိမ့်ဝင်စေအောင် လူးပေးတဲ့အတွက် အဆင့်တိုင်းမှာ ထိရောက်မှုရှိစေပြီး Treatment အပြီးမှာ လှပစိုပြေတဲ့အသားအရေနဲ့ လန်းဆန်းတက်ကြွမှုကို ခံစားရရှိမှာပဲ ဖြစ်ပါတယ်ရှင်။

Model - Ingyin May
Venue - Spa Flamingo
Photo & Retouch - Thardu Ko Ko
Makeup & Hair - Shane & Ar May (Gucci Aung)