Primary tabs

နေလောင်သွားတဲ့ အသားအရေ ပြန်လည် အေးမြလန်းဆန်းစေ…

ကိုယ့်ရေမြေရဲ့ ရာသီအနေထားအရ ဧပြီလဟာ နှစ်တစ်နှစ်လုံးရဲ့ အပူဆုံးကာလ ဖြစ်ပါတယ်။ ဒီကာလမှာပဲ ရေသဘင်ပွဲတော်နဲ့အတူ ဆင်ယင် ကျင်းပလေ့ရှိကြတဲ့ မြန်မာ့နှစ်ကူးအကြို အတာသင်္ကြန်ပွဲတော်ကြီးလည်း ရှိနေပါတယ်။ 

ဧပြီနွေရဲ့ နေပူရှိန်ခပ်ပြင်းပြင်းအောက်မှာ ရေကစားထွက်ကြတဲ့အခါ နေဒဏ်၊ ရေဒဏ်၊ လေဒဏ်တွေ ပေါင်းစုမှုအောက်မှာ အသားအရေပျက် စီးခြင်းများစွာ မဖြစ်ရလေအောင် နေရောင်ကာခရင်မ် အသုံးပြုခြင်း၊ နေပူပြင်းချိန်ကိုရှောင်ရှားခြင်း၊ တတ်နိုင်သမျှ လုံလုံခြုံခြုံဝတ်ဆင်ခြင်းစသဖြင့် မိမိအသားအရေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဂရုပြုဆောင်ရွက်သင့်ပါတယ်။

နှစ်စဉ်နှစ်တိုင်းမှာ သင်္ကြန်ရေကစားသူတွေ အနေနဲ့  မိမိအလည်အပတ်ထွက် ရေကစားခဲ့တဲ့ အခြေအနေနဲ့ မိမိရဲ့ပင်ကိုအသားအရေ ခံနိုင်ရည်ပေါ်မူတည်ပြီး နေလောင် နီရဲညိုမည်း အဖတ်လန်ကွာကျခြင်း ပြဿနာတွေကိုအနည်းနဲ့ အများ ရင်ဆိုင်ကြရတာကြောင့် သင်္ကြန်ပြီးတဲ့အခါ ပျက်စီးသွားတဲ့ အသားအရေတွေ အမြန်ဆုံးပြန်လည် သက်သာကောင်းမွန်လာစေဖို့ ကုထုံးတွေကိုလည်း ခုလိုလေ့လာကြည့်ခဲ့ပါတယ်။ 

အသားအရေကောင်းမွန်စေဖို့ ကုထုံးများစွာရှိတဲ့အနက် နေ၊ လေ၊ ရေ ဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ မျက်နှာအသားအရေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် The Cilnic De Novo မှာ ၀န်ဆောင်မှုပေးတဲ့ နည်းလမ်းတွေထဲကနည်းလမ်း (၂)မျိုးကို ဖော်ပြဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒါကတော့ -
(၁)    အစိုဓာတ်ထိန်းသိမ်းပြီး အသားအရေကို ပြန်လည်ဝင်းပစေမယ့် ဆေးရည်သွင်းကုထုံး - Infusion (Vitamins & Collagen)နဲ့
(၂)    ပျက်စီးသွားတဲ့ အသားအရေကိုအလင်းဖြင့် ပြန်လည်ထိန်းသိမ်းပေးခြင်း - IPL Intense Pulsed Light တို့ ဖြစ်ပါတယ်။

ဆေးရည်သွင်းကုထုံး (Infusion Treatment)
ဆေးရည်သွင်းကုထုံးဟာ နေလောင်ပြီး ခြောက်သွေ့နေတဲ့ အသားအရေကို အစိုဓာတ် ပြန်လည်ဖြည့်သွင်းပြီး ဖြူစင်ဝင်းပစေပါတယ်။ ဆေးရည်အမျိုးအစားများကိုတော့ ကုသခံမယ့် သူရဲ့ အသားအရေအခြေအနေပေါ်မူတည်ပြီး သင့်လျော်မယ့်ဆေးကို ဆရာဝန် ကိုယ်တိုင် ရွေးချယ်ပေးပါတယ်။ ပြုလုပ်ပြီးတဲ့အခါမှာတော့  ရွှန်းစိုဝင်းပတဲ့ မျက်နှာလေးကိုတွေ့ရမှာပါ။

-    မျက်နှာသန့်စင်ခြင်း
ပထမဆုံး Cleansing ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ မိတ်ကပ်၊ အဆီပိုနှင့် အညစ်အကြေးများကို ဖယ်ရှားသန့်စင်စေပါတယ်။

-    ဆေးရည်လိမ်းခြင်း
ဆေးရည်ကို မျက်နှာတစ်ပြင်လုံးပေါ်သို့ ညီညာစွာသုတ်လိမ်းပေးပါတယ်။

-    စက်ဖြင့် Treatment ပြုလုပ်ပေးခြင်း
မျက်နှာပြင်ပေါ်လိမ်းထားတဲ့ ဆေးရည်ကိုစက်အသုံးပြုပြီး အရေပြားအတွင်းပိုင်းအထိစိမ့်ဝင်အောင် ပြုလုပ်ပေးခြင်းဖြင့် ထူးခြားတဲ့ အကျိုးအာနိသင်ကိုရရှိစေပါတယ်။

-    ပေါင်းတင်ခြင်းနှင့် နေရောင်ကာခရင်မ် လူးပေးခြင်း
ဒါကတော့ အဆင့်နှစ်ဆင့်ကို တစ်ဆင့်တည်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ Treatment ရဲ့ အကျိုးအာနိသင်ကို ပိုမိုကောင်းမွန်စေဖို့အတွက် မျက်နှာကို Mask အုပ်ပေးပါတယ်။
နောက်ဆုံးအဆင့်မှာတော့ ပြင်ပက နေရောင်ခြည်နဲ့ အပူဒဏ်ကို ကာကွယ်ပေးနိုင်ဖို့အတွက် နေရောင်ကာခရင်မ်လိမ်းပေးပါတယ်။

အလင်းဖြင့် ကုသခြင်း (IPL Intense Pulsed Light)
ပျက်စီးသွားတဲ့ မျက်နှာအသားအရေကို အလင်းရောင်နဲ့ ကုသပြီး ပြန်လည်ဖြူဝင်းစေခြင်း ဖြစ်ပါတယ်။ နေလောင်ကွက်များကို လျော့ပါးစေခြင်း၊ အသားအရောင်မညီညာခြင်းကို သက်သာလျော့ပါးစေခြင်းစတဲ့  အကျိုးကျေးဇူးများကို ရရှိစေပါတယ်။ ပြုလုပ်ပြီးချိန်မှာသိသာတဲ့ရလဒ်ကို ခံစားနိုင်မှာပါ။ Treatment ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ -

-    မျက်နှာသန့်စင်ခြင်း
ပထမဆုံး Cleansing ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ မိတ်ကပ်၊ အဆီပိုနှင့် အညစ်အကြေးများကို ဖယ်ရှားသန့်စင်စေပါတယ်။

-    Cooling Gel လိမ်းခြင်း
အလင်းနဲ့ မကုသမီအရေပြား ပိုမိုအေးမြစေရန်အတွက် Cooling Gel ကိုကုသမယ့် (ဧရိယာ) အရေပြားနေရာပေါ်သို့ လိမ်းပေးပါတယ်။

-    Treatment ပြုလုပ်ခြင်း
IPL ခေါ် စွမ်းအင်မြင့်အလင်းထုတ်လွှတ်တဲ့ စက်ကိရိယာကို အသုံးပြုပြီးကုသပေးပါတယ်။

-    နေရောင်ကာခရင်မ်လူးပေးခြင်း
Treatment ပြုလုပ်ပြီးနောက်မှာတော့ ပြင်ပက နေရောင်ခြည်နဲ့ အပူဒဏ်ကို ကာကွယ်ပေးနိုင်ဖို့အတွက် နေရောင်ကာခရင်မ်လိမ်းပေးပါတယ်။

ဒီ Treatment များဟာ အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် သင့်တော်ပြီးကုထုံးတစ်မျိုးတည်းကိုဖြစ်စေ၊ နှစ်မျိုးပူးတွဲပြီးဖြစ်စေ ပြုလုပ်နိုင်ပါတယ်။  နှစ်ပတ်တစ်ခါ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ ပြန်လည်ကျန်းမာလှပလာစေမယ့် အကျိုးကျေးဇူးကိုရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်ရှင်။

Model - Poe Ei Phyu Zin
Photo - Thardu Ko Ko
Venue - The Clinic De Novo