Primary tabs

Back 90’s style DIY

Model - Khaing Thazin Ngu Wah

H&M - Nyi Nyi Maung(Sanchaung)
Photo - LMN

‘၉၀ ခုနှစ် အလှတရား’ ကို ဒီလထုတ် DIY အတွက် ဖော်ထုတ်ထားပါတယ်။ ခေတ်စားခဲ့တဲ့ ဆံပင်နဲ့ မိတ်ကပ်ကိုပေါင်းစပ်ပြီး ခြယ်သပြထားပါတယ်။

မျက်တောင်ဆိုရင်လည်း အဲဒီခေတ်တုန်းက စတိုင်လ် ကော့ကော့ညွတ်ညွတ် ထူထူထဲထဲ စတိုင်လ်လေးပါ။ ပွဲတက် Elegance style & ပေါ့ပါးသွက်လက်တဲ့ Fancy style (၂)မျိုးကို ခံစားရင်း မိမိတို့အကြိုက်အလိုက် ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။

မရှိမဖြစ်လိုအပ်မယ့် Brushes

foundation brush - ဖေါင်ဒေးရှင်းဘရပ်ရှ် ဖြစ်တာကြောင့် မျက်နှာအလယ်ပိုင်းကနေစပြီး တဖြည်းဖြည်းချင်းဆွဲယူကာ မျက်နှာပြင်အနှံ့ကို လိမ်းပေးရတဲ့ ဘရပ်ရှ်

beauty blender - ရေနဲ့စိုစွတ်အောင် လုပ်ပြီးမှ မိတ်ကပ်ဖေါင်ဒေးရှင်းကို မျက်နှာပြင်အနှံ့ သဘာဝကျကျလိမ်းလို့ရတဲ့ ဖော့တုံးကလေး

powder brush - ဖေါင်ဒေးရှင်းလူးပြီးနောက် loose powder ကို မျက်နှာပေါ်လိမ်းပေးတဲ့အခါမှာ သိပ်သိပ်သည်းသည်း ဖုံဖုံကလေးလှသွားစေတဲ့ ဘရပ်ရှ်

kabuki brush - ကာဘူကီဘရပ်ရှ်ကတော့ နဖူးတလျှောက် Bronzer နဲ့ ဆွဲပေးတာပဲဖြစ်ဖြစ်၊ မေးရိုးတလျှောက်နဲ့ ပါးရိုးတလျှောက် လိမ်းတာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ ဘရပ်ရှ်

၉၀ ခုနှစ် ဖန်စီမိတ်ကပ်

ဂီတဖက်ရှင်စတိုင်လ်တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ မက်ဒေါနားတို့ ပေါ်ပြူလာဖြစ်တဲ့ အချိန်ဆိုရင် မျက်လုံးထဲကို  အဲဒီစတိုင်လ်လေးတွေ ပြန်ပေါ်ကြမယ်ထင်ပါတယ်။ အခုခေတ်မှာတော့ အဆိုတော် ကေတီပယ်ရီပြန်ခြယ်ပြထားတဲ့ ချစ်

စရာကောင်းတဲ့ မိတ်ကပ်ပုံစံပါ။ သူ့အတွက် ကာလာစုံမှပေါ်လွင်ပါတယ်။ ရှဲဒိုး၊ ဆံပင်နဲ့ အဆင်တန်ဆာ accessories တွေအားလုံး ရောနှောလိုက်မှ ပြည့်စုံသွားတဲ့ မိတ်ကပ်စတိုင်လ် တစ်မျိုးပါ။

blending brush - ရှဲဒိုးအရောင်တွေကို မျက်ခွံ ပေါ်မှာ နူးညံ့ပြီး soft ဖြစ်သွားစေအောင် လုပ်ပေးနိုင်တဲ့ ဘရပ်ရှပ်။ အရောင်တွေကို ရောနှော သွားအောင် ခြယ်ပေးနိုင်တဲ့ ဘရပ်ရှ်ပါ။ (မျက်ခွံ

ပေါ် စက်ဝိုင်းပုံစံလှည့်ပြီး ၀ဲပေးလိုက်ရုံပါပဲ)

angled blush brush - ပါးမို့မို့ပေါ်ကို ပါးနီတင်တဲ့ အခါပဲဖြစ်ဖြစ်၊ ပါးရိုးတလျှောက် ဆွဲသွားချင်တဲ့ အခါပဲဖြစ်ဖြစ် ၂ မျိုးအသုံးဝင်တဲ့ ပါးနီဘရပ်ရှ်

concealer brush - မျက်လုံးအောက် ညိုမည်းနေတာ၊ အစက်ပျောက်စတာတွေကို ဒီဘရပ်ရှ်လေးတို့ယူပြီး ဖုံးပေးနိုင်ပါတယ်။ နှာတံပေါ်ချင်တဲ့ အခါလည်း concealer တို့ယူပြီး လိမ်းပေးနိုင်တဲ့ ဘရပ်ရှ်

all-over eye shadow brush - လိုချင်တဲ့ ကာလာကို မျက်ခမ်းစပ်ကနေစလို့ မျက်ခွံပေါ်တစ်ခုလုံးပေါ်ခြယ်ပေးနိုင်တဲ့ ဘရပ်ရှ်ပါ။

 

smudger brush - smoky မျက်လုံးလိုမျိုး ခြယ်ရင်တော့ သူမပါမဖြစ်ပါပဲ။  ပူစပ်ပူလောင်ဖြစ်တဲ့ ခပ်ဟော့ဟော့ပုံစံမျိုးတို့ မျက်ဝန်းနက်နက်တို့ ခြယ် ရင် smudger brush က ဆရာပေါ့။

angled eyeliner brush - ခရင်မ်ပဲဖြစ်ဖြစ် ဂျဲလ်ဖြစ်ဖြစ် ရှဲဒိုးပဲဖြစ်ဖြစ်ခြယ်နိုင်တဲ့ လိုင်နာ ဘရပ်ရှ်ပါ။ မျက်လုံးအတွင်းထောင့်ကနေစပြီး ဘရပ်ရှ်ကိုဆွဲလာပြီး cat eye ပဲဖြစ်ဖြစ် အချွန် အစွယ်လေးတွေ ဆွဲထုတ်လို့ရတဲ့ ပုံစံမျိုးပါ။

lash/brow comb / brush - ဘီးပုံစံကတော့ မျက်တောင်တွေကို မကော့ပေးခင်မှာ ဖြီးပေးနိုင်သလို၊ mascara လိမ်းပြီးနောက်မှာ ပူးကပ်ဖို့ ဝေးအောင်လို့ ဖြီးပေးနိုင်တယ်၊ mascara အပိုတွေကို 
ခြစ်ယူနိုင်တယ်။ နောက်ပြီး မျက်ခုံးမွှေးလေးတွေကို ရှင်းလင်းသွားအောင်ဖြီးပေးနိုင်တဲ့ ဘီးပုံစံ ဘရပ်ရှ်။

ဒီဘက် ဘရပ်ရှ်လုပ်ဆောင်ချက်ကျတော့ မျက်ခုံးမွှေးဆွဲတဲ့အခါ မညီတာ၊ အထူအပါးကို ညှိပေးတယ်၊ လိုအပ်တဲ့ နေရာလေးတွေကို brow အရောင်လေး ဖြည့်ပေးတယ်။

fan brush    - မျက်လုံးအောက်ကိုကျလာတဲ့ ရှဲဒိုး အမှုန်အမွှားတွေပဲဖြစ်ဖြစ်၊ မျက်နှာပေါ်ကို stroke ပေါင်ဒါအလင်းလက်လေးတွေ လိမ်းပေးချင်ရင်ပဲ ဖြစ်ဖြစ် ၊ Highlighter / Bronzer / Blush တို့ကို အစုံသုံးပြီး ခါချပေးနိုင်တဲ့ ယပ်တောင်ပုံစံ ဘရပ်ရှ်လေး။