Primary tabs

ဖေဖော်ဝါရီနှင့် ချစ်စရာကောင်းသော မိတ်ကပ်များ

    DIY Beauty စာမျက်နှာမှာတော့ ဖေဖော် ၀ါရီလရဲ့ ချစ်စရာကောင်းတဲ့ ဗယ်လင်တိုင်းရက် လေးနဲ့ ပတ်သက်ပြီး ပန်းရောင်ကိုအခြေခံပြီး ပုံစံကွဲလေးတွေ ပြင်ပြထားပါတယ်။ Do It Yourself လို့ ဆိုထားတာကြောင့် ဒီစာမျက်နှာလေးကနေ ခက်ခဲတဲ့ပုံစံတွေမဟုတ်ပဲ ရိုးရှင်းလွယ်ကူပြီး အချိန် ကုန်သက်သာတဲ့ မိတ်ကပ်ပြင်ဆင်မှုများကိုပဲ ဖော် ပြပေးသွားမှာပါ။ February နဲ့ ပတ်သက်ပြီး ပုံစံ (၃)မျိုး ခြယ်ပြထားပါတယ်။

Model - Poe Ei Ei Khant
H&M - Gucci Aung
Photo - LMN

(( Flowers & February ))
-    မျက်ဝန်းတစ်ခုလုံးအပြည့် ခြယ်ထားတဲ့ ပန်းရောင်ရှဲဒိုးပေါ်ကို ခရမ်းရင့်ကာလာလေး ထပ်ပါမယ်။
-    မျက်လုံးနဲ့ အနီးဆုံးဖြစ်တဲ့ မျက်ရစ်နား တောက်လျှောက်ကို အရောင်ရင့်လေး ဖုံးပေးလိုက်ပါ။
-    အောက်ဘက်မျက်ခမ်းစပ် တောက်လျှောက် ကိုလည်း ခရမ်းရောင်လေးခြယ်ပါ။
-    ပြီးမှ အိုင်းလိုင်နာနဲ့ မျက်လုံးအပြင်ဘက် ကို အချွန်ထွက်ပြီး ခပ်ရှည်ရှည်လေး ဆွဲထုတ်လိုက်ပါ။
-    မျက်လုံးအပြင်ဘက် အချွန်လေးတွေကြား မှာ ငွေရောင်အမှုန် လိုင်နာလေးတွေ ထပ်ဖြည့်လို့ ရပါသေးတယ်။
-    ဒါပြီးရင်တော့ ရှဲဒိုးအရင့်နဲ့လိုက်တဲ့ ပန်းဖျော ကာလာ အပိတ်လေးနှုတ်ခမ်းကို ခြယ်ပါမယ်။
-    အားလုံးပြီးသွားရင်တော့ ပန်းပွင့် ခရမ်းနဲ့ ပန်းရောင်လေးတွေကို မျက်တောင်ကပ်တဲ့ ကော် လေးနဲ့တို့ပြီး ပါးပြင်ပေါ်မှာ အလှဆင်လို့ ရပါတယ်။

(( Heart Pink & February ))


    ပထမပြင်ထားတဲ့ မိတ်ကပ်ပေါ်ကိုပဲ ထပ်ဆင့်မွမ်းမံလိုက်တာပါ။       
-    မျက်ဝန်းအပေါ်ကို ပန်းရောင်အပြောင် ပါတဲ့ ရှဲဒိုးနည်းနည်း ထပ်တင်ပြီး မျက်လုံးအောက် ဘက်နားကိုလည်း ခြယ်ပေးပါမယ်။ မျက်ဝန်းတစ်စုံလုံးပေါ့နော်။
-    ပြီးမှ မျက်လုံးလိုင်နာကို အောက်ဘက်မှာ ပါ ထည့်ပေးပါတယ်။ ဒီလိုဆွဲဖို့ကိုတော့ လက်ငြိမ် ငြိမ်လေး ထားဖို့လိုပါတယ်။ အပေါ်ဘက်မျက်လုံး အရင်းနားကိုလည်း လိုင်နာနည်းနည်း ပြန်ဆွဲပေးပါမယ်။
-    မျက်လုံးပြင်တာ ပြီးသွားရင်တော့ နှုတ်ခမ်းနီ ကို ကာလာပြောင်းပါမယ်။ ပထမဆိုးထားတဲ့ gloss အပါးလေးကို တစ်ရှူးနဲ့ဖျက်ပြီး ပန်းရောင် lip stick ကာလာအတောက်ကို ဆိုးပါမယ်။
-    အသဲလေးတွေ ခြယ်ဖို့ကတော့ color liner pen/stick ရှိတာနဲ့ ခြယ်လို့ရပါတယ်။ မတူတဲ့ ကာလာအရောင်ရင့် အရောင်ဖျော့ဖြစ်ရင်ရပါပြီ။ (အသဲပုံစံ ဖော်တာအတွက် ကာလာရင့်ဖြစ်ရင်ရ ပါပြီ)

(( Basic Pink & February ))


    ပန်းနုရောင်ပါးနီ၊ ပန်းနုရောင် အိုင်းရှဲဒိုး၊ နှုတ်ခမ်းနီ တို့ အဓိကလိုအပ်ပါတယ်။ ပါးပါးလေး ပဲ မိတ်ကပ်ကို ပြင်ချင်တယ်ဆိုတဲ့ သူများအကြိုက် တွေ့မယ့်ပုံပါ။
-    မျက်နှာကို အောက်ခံမိတ်ကပ်၊ ပေါင်ဒါ လိမ်းပြီး နောက်မှာတော့ မျက်လုံးအတွက်ရှဲဒိုး တို့ ပါးနီတို့ စပြင်လို့ရပါပြီ။
-    ရှဲဒိုးနဲ့ပါးနီကို ပန်းနုရောင် ၁ ရောင်တည်းခြယ်လို့ ရပါတယ်။
-    မျက်လုံးလိုင်နာကို မဆွဲလည်းရပါတယ်။
-    မျက်တောင်တု တပ်တဲ့အခါလည်း ခပ်ပါးပါးလေး သဘာဝဆန်တာကို ရွေးတာမျိုး၊ ဒါမှ မဟုတ် အမျှင်တိုလေးတွေကို မျက်တောင်အစွန်း ဘက်လောက်ပဲတပ်တာမျိုးလုပ်ပါ။
-    gloss ပါးပါးလေးဆိုးပါ။