Primary tabs

Beauty Blogger ဆုရသူမ

မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်ပြီး maskcara.comရဲ့ပင်တိုင် အလှအပရေး ရာများကို ဖေါ်ပြနေသူ၊ ၂၀၁၃ ခုနှစ်ရဲ့ Allure မဂ္ဂဇင်း မှ ပြုလုပ်သော Beauty Blogger အစီအစဉ်ရဲ့ ပြိုင်ဖက်ကင်း Winner ဖြစ်သူ Cara Brook အကြောင်းကို ဒီလမှာဖေါ်ပြလိုက်ပါတယ်။

 “ကျွန်မရဲ့ တကယ့်ပုံစံထက် ပိုပြီးကြည့်ကောင်းအောင်ပြင်ဆင်တယ်၊ လိုင်နာသုံးရမယ့်အစား ရှဲဒိုးလိုမျိုးကိုသံ�စာဖတ်သူများကိုယ်တိုင် ၀င်ရောက် အမှတ်ပေးပြီး ဒိုင်လူကြီးများမှလည်း မတူညီတဲ့ အကြောင်းအရာ (၅)ခုကို စိန်ခေါ်ရေးသားခိုင်းခဲ့ကြတယ်။ ဒုတိယအကြိမ် မြောက် ကျင်းပတဲ့ Allure Beauty Blogger Awards ရဲ့ Winner ဆုကိုဆန်ကာတင်(၅)ဦးထဲမှ Maskcara အလှအပ၀ဘ်ရဲ့ Cara Brook မှရရှိခဲ့ပါတယ်။ အခုဖေါ်ပြသွားမယ့်အကြောင်းရာများက သူမရဲ့ အွန်လိုင်းလှုပ်ရှားမှုများနဲ့ ကိုယ်ပိုင်ဝဘ်ဆိုက်များမှ  အလှအပပေါ် အား စိုက်ထုတ်မှုများကို အမှတ်တရ ဖော်ပြသွားပါမယ်။

သူမဟာ အခြားပြိုင်ပွဲဝင်များနဲ့ ခေါင်းစဉ် (၅)ခုယှဉ်ပြိုင်ရာမှာ အားလုံးကိုကျော်ဖြတ်ရေးသားနိုင်ခဲ့ပြီး  Allure ရဲ့ ဒိုင်လူကြီးများမှ သူမရဲ့မိတ်ကပ်ပညာနဲ့ စွမ်းရည်ကျွမ်းကျင်မှုများကို အသိအမှတ်ပြု ဂုဏ်ယူခဲ့ကြရတဲ့အထိကို လက်စောင်းထက်ခဲ့တဲ့သူပါ။ Pinterest ၊ Twitter pmမျက်နှာတွေမှာ သူမရဲ့အရေးအသားနွေးထွေးမှုများကြောင့် Fans တွေဟာ များသထက်များလာခဲ့ပါတယ်။

ယခုနှစ်အတွက် ဆုရရှိသွားတဲ့ Winner အနေနဲ့ဆုအပြင် နယူးယော့ခ်ဖက်ရှင်ရှိုးတက်ရောက်ခွင့်၊ Allure မှ ပြုလုပ်တဲ့ Best of Beauty Awards party သို့ ဖိတ်ခံရခြင်းများအပြင် ၂၀၁၃ အောက်တိုဘာထုတ် Allure မှာ ဖော်ပြခံရမှာ ဖြစ်သလို အလှကုန်များစွာကို လည်း ရရှိသွားခဲ့ပါ တယ်။

ပြိုင်ပွဲခေါင်းစဉ်တစ်ခုဖြစ်တဲ့ Lazy Beauty ဆိုတာကို သူမဘယ်လိုယှဉ်ပြိုင်ခဲ့သလဲဆိုတာ စာဖတ်သူတို့ခံစားကြည့်ပါဦး။ အပြင် မသွားခင် အချိန် (၃)မိနစ်အတွင်းမှာပဲ ဘယ်လိုပြင်ဆင်နိုင်မလဲတဲ့။

 

 

ညစ်ပေနေတဲ့ဆံပင်ကို ဂရုစိုက်မနေပါနဲ့...

ကျွန်မရဲ့ ဆံသားကထူလည်းထူတယ်၊ ဆက်လည်းထားတော့ သိပ်မြန်မြန်ကြီး မပြင်ဆင်နိုင်ပါဘူး။ မနက်ဆိုအချိန်ကလည်း များ များရှိတာ မဟုတ်ဘူးလေ။ ဆံပင်ကိုတစ်ခါတစ်ခါလျှော်ဖို့ကလည်း အချိန်သေချာပေးမှ ရတာကိုးရှင့်။ နေ့တိုင်းတော့ မလျှော်ပေးနိုင်ဘူး ပေါ့။ ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆံပင်ကလည်း အနံ့ဆိုးတွေမထွက်ဖို့ ကျွန်မရှာတွေ့ထားတဲ့ အခုပုံစံလေးတွေ (၅)မျိုးရှိပါတယ်။

 

 

 

 

 

 

 

 

ကဲ... သူမရဲ့ကျွမ်းကျင်မှုနောက်တစ်ခုဖြစ်တဲ့ Before & After ပြင်ဆင်မှုတွေကို ဆက်လက်ခံစားကြဦးစို့။

မျက်နှာတစ်ခုမှာစပ်ဟပ်ပြီး လိမ်းခြယ်ရမယ့် ကာလာတွေရှိပါတယ်၊ ဒါတွေကို ပေါ်လွင်အောင် Contour ၊ Highlight ၊ Blush ဆိုပြီး သူမက အကြံဥာဏ်ပေးခဲ့ပါတယ်။

မိတ်ကပ်၊ အလှကုန်ပစ္စည်းမိတ်ဆက်၊ Before & After ၊ DIY စတဲ့ အကြောင်းအရာများကို www.maskcara.com မှာ ၀င် ရောက်ဖတ်ရှုနိုင်ပြီး လေ့လာနိုင်ပါတယ်။ မိန်းမသားတွေရဲ့အလှအပကို ဖေါ်ပြနိုင်ဖို့ သူမက၀ါသနာပါသလို လှပစေတဲ့ အရာအားလုံးကို လည်း နှစ်သက်တတ်တဲ့ သူမအကြောင်းအရာတွေကတော့ ဒီလအတွက် ဒီလောက်ပါပဲ။ နောက်လများမှလည်း အလှအပနဲ့ပတ်သတ်ပြီး အကြံဥာဏ်ကောင်းကောင်းပေ နိုင်မယ့် နာမည်ကျော်ကြားသူများကို ဖော်ပြပေးပါဦးမယ်။