Primary tabs

၂၀၁၆ ဒါတွေခေတ်စားမယ်

 

    ၂၀၁၆ မှာ ဘယ်လိုပုံစံတွေ ခေတ်စားမလဲ၊ ဖမ်းဆုပ်လို့မရအောင် အပြောင်းအလဲတွေ မြန်လွန်း မယ့်နှစ်ပါပဲ။ ၂၀၁၅ နှစ်လယ်ပိုင်းလောက်က တည်းကနေ ဖက်ရှင်ဟာ မြန်ဆန်စွာနဲ့ တရိပ်ရိပ် ကို တိုးတက်ပြောင်းလဲလာတာ သိသာလွန်းပါ တယ်။
    အရင်နှစ်တွေတုန်းကတော့ ပုံစံတစ်မျိုး တည်းကိုပဲ စွဲစွဲမြဲမြဲလူတိုင်းလိုလို ပြင်ဆင်လေ့ရှိ ပါတယ်။  ဆံပင်ရွှေဝါရောင်တွေ ခေတ်စားတုန်းက ဆိုရင် ဒီအရောင်ကိုပဲ အသားအရောင်မရွေး လူ တိုင်းလိုလို ဆိုးခဲ့ကြတာတွေ့ရမှာပါ။ ဆံပင်တွေ  ဖြောင့်တာ ခေတ်စားတုန်းကလည်း လူအယောက် ၁၀၀ မှာ ၉၉ ယောက်နှုန်းလောက် ဖြောင့်ခဲ့ကြ တာပါ။ အခု အချိန်အခါကတော့ အလှအပ နှစ်သက်မြတ်နိုးသူတွေက ဒီလိုမဟုတ်တော့ပါဘူး။ ခေတ်ရဲ့အရှိန်နဲ့ ရွေ့လျားနိုင်ဖို့ အင်တာနက်ကနေ သတင်းတွေကို အချိန်နဲ့အမျှ သိရှိနိုင်သလို၊ ပြည်ပ ကိုလည်း သွားရောက်လေ့လာနိုင်ပါပြီ။
    ၂၀၁၆ မှာ ဆံပင်၊ မိတ်ကပ်နဲ့ ပြင်ဆင် ခြယ်သမှုတွေ ဘာတွေ ခေတ်စားလူကြိုက်များမှာ လဲ...
    လက်တလော ကမ္ဘာကျော် runway ဖက်ရှင် မော်ဒယ်လ်တွေရဲ့စတိုင်လ်၊ ဖက်ရှင်ဂုရုတွေရဲ့ ဖန်တီးတင်ဆက်မှု၊ သရုပ်ဆောင် မင်းသမီး မင်း သားတွေရဲ့ ပြောင်းလဲမှု ဒါတွေနောက်ကို ခြေရာခံ လိုက်ကြည့်တော့ အခုလိုသိလိုက်ရပါတော့ တယ်။

ရေပန်းစားအုံးမယ့် Bright red lips / Electric blue eyes / Glitter & lashes
    မိတ်ကပ်ဆိုပြီး သိသိသာသာလူးမယ့် နှစ် တော့မဟုတ်ပါဘူး။ မျက်လုံး နှုတ်ခမ်းနဲ့ ဆံပင် ကာလာတွေကို သိသိသာသာခြယ်ကြမယ့် နှစ်ဖြစ် သလို အသားအရေပိုင်းကိုလည်း အရင်ကထက် ပိုပြီး ဂရုတစိုက်နဲ့ စောင့်ရှောက်ကြမယ့်နှစ်လို့ ၂၀၁၆ ကို ဖွင့်ဆိုချင်ပါတယ်။

Candy apple >>    အနီရောင်နှုတ်ခမ်းတစ်စုံကို ညွှန်းတာပါ။
    စနိုးဝှိုက်မင်းသမီးလေး လက်ထဲက အနီ ရောင်ပန်းသီးလေးတစ်လုံးကို ရွှန်းစိုနီရဲနေမယ့်  အနီရောင်မျိုးပါ။

Blue state >>    အပြာရောင် မျက်ဝန်းတစ်စုံ ကို ညွှန်းတာပါ။
    မျက်လုံးအပေါ်ကို ဒီအရောင်ထည့်လိုက် တာနဲ့ မျက်နှာက အလိုလိုခေတ်မှီပြီး ခပ်မိုက်မိုက် ဖြစ်သွားစေတယ်။ လူတွေအာရုံစိုက်ခံရမယ့် ဒီဇိုင်း ပါ။

Lash out >>    အပြင်ဘက်ရောက်နေတဲ့ မျက်တောင်တွေကို ညွှန်းတာပါ။
    သိသိသာသာကို မျက်ဝန်းအပေါ်နဲ့အောက် ကို မျက်တောင်ကော့ထားတာမျိုး၊ ကောက်နေ အောင် မျက်တောင်ကိုကော့ထားတာမျိုး၊ မျက် တောင်အတု

Vampire style >>    အရောင်ရင့်ရင့်မှောင်မှောင် ကာလာနှုတ်ခမ်းတွေကို ညွှန်းတာပါ။
    two tone blue & berry lipstick ကာ လာအရောတွေကို နှုတ်ခမ်းမှာဆိုးတာပါ။ Dark ဘက်ရောက်တဲ့ ညှို့အားပြင်း ခပ်မိုက်မိုက်ကာလာ အရင့်စားတွေပါ။

2 PP >>    pinks & peaches ကာလာအဖျော တွေကိုညွှန်းတာပါ။
    မျက်လုံးထဲမှာငြိမ်ပြီး အေးနေတဲ့ကာလာ အဖျော ပန်းရောင်အမျိုးမျိုးနဲ့ မက်မွန်သီးကာလာ အဖျောတွေပါ။ မျက်လုံးနဲ့ နှုတ်ခမ်းကို တစ်ရောင် တည်းခြယ်လိုက်တာနဲ့ မျက်နှာကို မိန်းမသား ဆန်ပြီး လှသွားစေမယ့် ကာလာတွေပါ။

Black Lines >>    မျက်ခုံးနဲ့ မျက်လုံးကြားကို အမည်းရောင် လိုင်နာခပ်ထူထူထည့်တာကို ညွှန်း တာပါ။
    မျက်လုံးဘေးထောင့်တွေနဲ့ မျက်လုံးအပေါ် ကို လိုင်နာအမည်းဆွဲတာထက် heavy underliner လို့ပြောရမယ့် မျက်လုံးအောက်ဘက်တွေကို လိုင် နာခပ်ထူထူဆွဲတာမျိုးပါ။

Starry eyes >>    မျက်လုံးကို ခပ်တောက် တောက်ကာလာလေးတွေ ပြင်တာကို ညွှန်းတာ ပါ။
    မမြင်ဘူးတဲ့ ကာလာခပ်ဆန်းဆန်းလေးတွေ၊ နောက် အလက်လက်ပါတဲ့ glitter လေးတွေကို မျက်လုံးကြားထဲမှာ ရှဲဒိုးနဲ့အတူ ရောခြယ်တာမျိုးပါ။ လူငယ်လည်းဆန်တယ်၊ မိုက်လည်းမိုက်တဲ့ ဒီဇိုင်း မျိုးပါ။
    ပဲရစ်စ်၊ မီလန်၊ လန်ဒန်နဲ့ နယူးယော့ခ်မြို့ ကြီးတွေရဲ့အထင်ကရ စင်မြင့်လျှောက်လမ်းပေါ်က future beauty trends ကို စုစည်းဖေါ်ပြပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နီးကပ်နေပြီဖြစ်တဲ့ ၂၀၁၆ ခုနှစ်ပိုင်းထဲမှာ ဘာတွေခေတ်စားမလဲဆိုတာ ရင်ခုန်ရင်း စောင့်မျှော်ကြည့်ကြရအောင်.....။